ရုရှားဘက်က ဗီတိုသုံး ပိတ်လို့မရတဲ့ အထူး ကုလ အထွေထွေ ညီလာခံ ဒီနေ့ ကျင်းပမယ်
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

ရုရှားဘက်က ဗီတိုသုံး ပိတ်လို့မရတဲ့ အထူး ကုလ အထွေထွေ ညီလာခံ ဒီနေ့ ကျင်းပမယ် - ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားကို ကမ္ဘာလုံးဆိုင်ရာ အရေးယူ ပိတ်ဆို့နိုင်ရေး အထူး ကုလ အထွေထွေ ညီလာခံ ဒီနေ့ ကျင်းပမယ် - အဲဒီလို ကျင်းပဖို့ လုံခြုံရေးကောင်စီထဲ မဲခွဲ ဆုံးဖြတ်ခဲ့၊ ၁၅ နိုင်ငံမှာ ရုရှား တစ်နိုင်ငံပဲ ကန့်ကွက်၊ ထောက်ခံ ၁၁ မဲ၊ သဘောထားမပြပဲ ရှောင်လွှဲ ၃ မဲ - ကုလ လုပ်ထုံးအရ စစ်ပွဲကြောင့် အထွေထွေ ညီလာခံကို လွှဲရပြီဆို ဗီတို သုံး ပယ်ချလို့ မရတာကြောင့် အင်မတန် ရှားတောင့်ရှားပါး ကြုံရခဲတဲ့ အထူး အထွေထွေညီလာခံ ဒီနေ့ ခေါ်ယူ ကျင်းပမယ် - လုံခြုံရေးကောင်စီတွင်း မဲခွဲခဲ့ပုံ၊ ရုရှား သံအမတ်ကြီး ပြုမူဆောင်ရွက်ပုံတွေ အကြောင်း ဒီမနက် အစီအစဥ်ထဲ အသေးစိတ် ကြည့်ရှုနိုင် ... - အီးယူကလည်း ယူကရိန်းကို သေစေနိုင်တဲ့ လက်နက်ခဲယမ်းလို ပစ္စည်းမျိုး သန်း ၄၅၀ ဖိုး၊ မသေစေနိုင်တဲ့ လောင်စာဆီနဲ့ ဆေးဝါးလို ပစ္စည်းမျိုး သန်း ၅၀ ဖိုး ပေးမယ်ဆိုပြီး ကြေညာ - အီးယူနိုင်ငံတွေထဲ ဝင်လာသမျှ ယူကရိန်း စစ်ဘေးဒုက္ခသည်တွေ ခိုလှုံခွင့် လျှောက်ထား တောင်းခံစရာ မလိုပဲ ၃ နှစ် နေခွင့် ပေးဖို့လည်း ဆုံးဖြတ် - ထိပ်သီး စက်မှု ၇ နိုင်ငံ ဂျီဆဲဗင်း အဖွဲ့ဝင် တွေရဲ့ ဘဏ်တွေက ပိတ်ဆို့လို့ ရုရှား ဗဟိုဘဏ်ရဲ့ ပိုင်ဆိုင်မှု အနည်းဆုံး ထက်ဝက်ကို ထိန်းချုပ်နိုင် - ဘေလာရုစ်နယ်စပ်မှာ ယူကရိန်း-ရုရှား ကိုယ်စားလှယ်တွေ တွေ့ဆုံမယ်ဆိုတာ ကြန့်ကြာနှောင့်နှေးနေ - ယူကရိန်းကျူးကျော်စစ် ဆန့်ကျင်တဲ့ ရုရှားပြည်သူ ငါးထောင်ကျော် ဖမ်းခံထားရ - ရွာလုံးကျွတ်နီးပါး မီးတိုက်ခံထားရတဲ့ နှမစားရစ်ရွာထဲကနေ စစ်ကောင်စီတပ် ပြန်ထွက်သွား၊ ရွာခံတွေ ပြန်ဝင်လာ၊ ဘုန်းကြီးကျောင်းမှာ ထောင်ချီခိုလှုံနေရ .... အဲဒီက အခြေအနေတွေ အကြောင်း ရွာခံတစ်ဦးနဲ့ မေးမြန်းချက် - ကရင်နီဒေသမှာလည်း စစ်ရှောင်တွေ အတွက် ရိက္ခာလမ်းတွေ ပိတ်ဆို့ ဖြတ်တောက် ခံထားရတာ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေတွေ အကြောင်း ...... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com