ကန့်ဘလူမှာ စစ်ကြောင်းထိုးခံရစဥ် ရွာထဲပိတ်မိသူတွေကို ဓါးစားခံခေါ်သွားမှာ စိုးရိမ်နေကြ
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

အကယ်ဒမီအခေါက်ရွှေကို ၂၅သိန်း သုံးသောင်းကျပ်နဲ့ ရောင်းချဖို့ စစ်ကောင်စီအမိန့်ထုတ်လို့ ဘယ်လို သက်ရောက်မှုရှိလာနိုင်သလဲ - မြန်မာ့ပြောင်းကို တရုတ်နိုင်ငံဆီ ဘိန်းအစားထိုးသီးနှံအနေနဲ့ နားလည်မှုအရ နယ်စပ်ကုန်သွယ်ရေးက တဆင့်ပို့ဆောင်နေရာက အခုတရား၀င် ခွင့်ပြုလိုက်လို့ ပြည်တွင်းမှာ ပြတ်တောက်မှု ရှိနိုင်သလား - ဆန္ဒပြယာဥ်ပေါ် အင်တာဗျူးဖို့ တွယ်တက်ရင်း ဘီးအောက်ရောက်ကြိတ်မိလို့ သေဆုံးခဲ့တဲ့ပါကစ္စတန်သတင်းထောက် - ရွှေ့ပြောင်းသူအရေး စင်တာကို မီးလောင်ဗုံးနဲ့ လာရောက်တိုက်ခိုက်သူ သေဆုံးသွားပြီလို့ ဗြိတိသျှရဲက အတည်ပြု - တရုတ် အိုင်ဖုန်းစက်ရုံမှာ ကိုဗစ်လော့ခ်ဒေါင်းချလို့ ခြံစည်းရိုးကျော် ထွက်ပြေးတဲ့ ၀န်ထမ်းတွေ အကြောင်း - ဆွီဒင် တိရစ္ဆာန်ရုံက မြွေဟောင်ဘုရင်ကြီး မီးကြိုးကနေလျှိုထွက်ပျောက်ဆုံးရာက သူ့နေရာသူ ပြန်ရောက်လာ - ပရီးမီးယားလိဂ် ဘောလုံးပွဲတွေမှာ မန်ယူနဲ့ အာဆင်နယ်တို့ အနိုင်ပွဲတွေ ရှိခဲ့တဲ့အကြောင်း အပါအ၀င် တနင်္လာ မနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ယူကျု - http://youtube.com/thebbcburmese