အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌအိမ်ထဲထိ လူဝင်လာပြီး ရန်ပြုတိုက်ခိုက်

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌအိမ်ထဲထိ လူဝင်လာပြီး ရန်ပြုတိုက်ခိုက် - နန်စီပလိုစီ့နေအိမ်ထဲထိ လူတစ်ယောက် ဝင်လာပြီး နန်စီပလိုစီရဲ့ ခင်ပွန်းသည် အသက် ၈၀ ကျော်ကို သံရိုက်တူနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက် - “နန်စ်ဘယ်မှာလဲ” ဆိုပြီး အော်ဟစ်ခဲ့တယ်လို့ဆို၊ အခင်းဖြစ်ချိန် မစ္စပလိုစီ ဆန်ဖရန်စစ္စကိုအိမ်မှာ ရှိမနေပဲ ဝါရှင်တန်ရောက်နေ - တွစ်တာကို ဒေါ်လာ ၄၄ ဘီလျံ နဲ့ ဝယ်ယူခဲ့သူ အီလွန်မာ့စ်က ထရမ့်ကို တွစ်တာပေါ် ပြန်တက်ခွင့် ပေးတော့မှာလား။ ထရမ့်ကတော့ တွစ်တာဟာ အခုမှ အရူးမဟုတ်သူလက်ထဲ ရောက်သွားတယ် ဆိုပြီး အီလွန်မတ်စ် တွစ်တာကို ဝယ်တဲ့အပေါ်ကြိုဆို .. - တိုက်ပွဲတွေဖြစ်ခဲ့ပြီး၊ လူနေရပ်ကွက်ထဲ လက်နက်ကြီးကျည်ကျခဲ့လို့ အရပ်သားတွေ သေဆုံးခဲ့ရတဲ့ ကော့ကရိတ်ကနေ မြို့ခံတွေ စွန့်ခွာနေ၊ မြို့ကြီးဟာ ခြောက်ကပ်တိတ်ဆိတ်သွားတယ်လို့ ဆက်ပြီး ရှိနေသေးသူတွေကပြော ..... ... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com