အချိန်ကန့်သတ်တာမျိုး ဖိအားမပေးဖို့ အာဆီယံကို စစ်ကောင်စီ သတိပေး
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

အချိန်ကန့်သတ်တာမျိုး ဖိအားမပေးဖို့ အာဆီယံကို စစ်ကောင်စီ သတိပေး - ငြိမ်းချမ်းရေးကို ဘယ်အချိန်ဘယ်ကာလ အပြီး ဖော်ဆောင်ရမယ် ဆိုတာမျိုး ကန့်သတ်မှုတွေ လုပ်ရင် တန်ပြန် ဆိုးကျိုးတွေသာ ဖြစ်လာနိုင်တယ်လို့ အာဆီယံကို စစ်ကောင်စီ သတိပေး - ဂျကာတာမြို့ မြန်မာ့အရေး အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အထူး အစည်းအဝေးကကနေ ဘယ်လို သဘောထားတွေ ထွက်လာခဲ့လဲ .... - ကော့ကရိတ်မြို့ လူနေရပ်ကွက်ထဲ လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦးနဲ့ ကလေးတစ်ဦး သေဆုံး - အနောက်အုပ်စုရဲ့ ညစ်ပတ်တဲ့ ပထဝီနိုင်ငံရေး ကစားကွက်တွေကြောင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အန္တရာယ် အကြီးမားဆုံး အချိန်ဖြစ်တယ်လို့ ရုရှားသမ္မတပူတင်ပြော - အီတလီ၊ မီလန်မြို့အနီး စူပါမားကက်ထဲ လူတစ်ယာင်က အများသူငါကို ဓားနဲ့လိုက်ထိုးတဲ့ အတွက် ဆိုင်ဝန်ထမ်း ငွေကိုင် တစ်ဦးသေဆုံး၊ ဒဏ်ရာရသွားသူတွေထဲ အာဆင်နယ် ဘောလုံးသမားပါဝင် - မူးမြစ်ဘေးက ရွာတွေ တိုက်ခိုက်ခံနေရတဲ့ အကြောင်း ဒေသခံရဲ့ ပြောပြချက် .... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com