ရုရှားစစ်သားတွေ ဂျီနိုဆိုက်ကျူးလွန်ကြောင်း ဇလန်စကီးပြောဆို
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

ရုရှားစစ်သားတွေ ဂျီနိုဆိုက်ကျူးလွန်ကြောင်း ဇလန်စကီးပြောဆို - ကိယက်ဗ်တဝိုက် မြို့တွေကနေ ရုရှားတပ်တွေ ထွက်သွားအပြီး အလောင်းတွေ ရာပေါင်းများစွာ ကျန်ရစ်ခဲ့ - မော်စကိုအစိုးရက ယူကရိန်း အရပ်သားတွေကို လူမျိုးတုန်း သတ်ဖြတ်ကြောင်း သမ္မတဇလန်စကီးပြောဆို - ရုရှားတပ်ဖွဲ့တွေရဲ့ လုပ်ရပ် အော့နှလုံးနာဖွယ် ဖြစ်ကြောင်း နိုင်ငံတကာ ပြစ်တင်ရှုတ်ချ - စီးပွားပျက်ကပ် ဆိုက်နေပြီး လူထုအုံကြွနေတဲ့ သီရိလင်္ကာမှာ အစိုးရ တဖွဲ့လုံး နုတ်ထွက်ကြဖို့ရှိ၊ လူတွေ အဓိက ထွက်စေချင်တဲ့ ဝန်ကြီးချုပ် ရာဂျာပါစကာတော့ ဆက်ရှိနေမယ် - ပါကစ္စတန်မှာလည်း ဝန်ကြီးချုပ် အီမရန်းခမ်းရဲ့ တောင်းဆိုမှုနဲ့ သမ္မတ ပါလီမန်ကို ဖျက်သိမ်း၊ ရက် ၉၀ အတွင်း ရွေးကောက်ပွဲအသစ် ကျင်းပလာဖွယ်ရှိ - ယူနီဆက်ဖ် ထုတ်ပြန်ချက်အရ စစ်ကိုင်း၊ ချင်းနဲ့ မကွေး ဒေသတွေထဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ တနိုင်ငံလုံးမှာ စံချိန်တင်များပြား - မြဝတီ နယ်စပ် ကုန်သွယ်ရေး အတွက် လုံခြုံရေးပျက်ပြားလို့ရော၊ ဆီခစျေးကြီးလို့ပါ ကုန်ကား အရေအတွက် ကျဆင်း၊ ကုန်တင်ယာဥ် ငှားခတွေ စျေးမြင့်တက် - တရုတ်အက်ပ် ဝီချက်သုံး ကျောက်အရောင်းအဝယ်လုပ်လို့ မန္တလေးမှာ လူတွေ ရာနဲ့ချီ အစုလိုက် အဖမ်း ခံခဲ့ရတဲ့ အမှုတွေ ဒီတစ်ပတ် ရုံးချိန်းရှိ ... အမှု နောက်ဆုံ အခြေအနေတွေ အကြောင်း ... စတဲ့ နိုင်ငံတကာနဲ့ မြန်မာ နောက်ဆုံးရ သတင်းတွေ ကြည့်ရှုနားဆင်နိုင်ပြီ။ - မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 - ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 - ယူကျု - http://youtube.com/thebbcburmese - အင်စတာဂရမ် - https://www.instagram.com/bbcburmese/ - ဝက်ဘ်ဆိုက် - https://www.bbcburmese.com