ယူကရိန်းမြို့တချို့မှာ လုံခြုံရာလမ်းတွေ ဒီနေ့ဖွင့်ပေးမယ်လို့ ရုရှားပြော
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

ယူကရိန်းမြို့တချို့မှာ လုံခြုံရာလမ်းတွေ ဒီနေ့ဖွင့်ပေးမယ်လို့ ရုရှားပြော - ဒေသအချိန် မနက် ၁၀ နာရီက စပြီး မာရီအူပူးလ် အပါအဝင် မြို့တချို့မှာ လူတွေ ဘေးရန်ကင်းကင်း ထွက်သွားနိုင်ဖို့၊ ကယ်ဆယ်ရေး ပစ္စည်းတွေလည်း ဝင်လာနိုင်ဖို့ လမ်းတွေ ဖွင့်ပေးမယ်လို့ ရုရှားသံအမတ်ပြော - လူသားချင်း စာနာမှုဆိုင်ရာ လမ်းကြောင်းတွေ ပွင့်လာဖို့ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးမှာ ကုလအရာရှိ၊ အမေရိကန်နဲ့ ရုရှားတို့ အသီးသီး ဘာတွေ ပြောကြလဲ ကြားကြရဖို့ ရှိသလို --- - အိုဒက်ဆားကမ်းလွန်ပြင်မှာ ရှိတဲ့ ရုရှားစစ်သင်္ဘောတွေက ပစ်ခတ်တဲ့ မစ်ဆိုင်း ဒုံးတွေကို ယူကရိန်း ဖျက်ချ ရတဲ့ အကြောင်း၊ မကာရာ့ဗ်ဆိုတဲ့ မြို့မှာတော့ မုန့်ဖုတ်ရုံ လေကြောင်းတိုက်ခိုက် ခံရပြီး အနည်းဆုံး ၁၃ ယောက် အစုလိုက် သေဆုံးခဲ့ရတဲ့ နောက်ဆုံး မြေပြင် အခြေအနေတွေ အကြောင်း - ကန်ပက်လက်မှာ ပြင်းထန်နေတဲ့ စစ်ရေး အခြေအနေ၊ လျှပ်စစ်မီး မလုံလောက်လို့ မန္တလေးမြို့ စက်မှု ထုတ်ကုန်တွေ ထက်ဝက်မက လျော့ကျသွားတဲ့ ပြည်တွင်း သတင်း အစုံအလင် ကြည့်ရှုနားဆင် ရဖို့ ရှိပါတယ်။ - မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 - ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 - ယူကျု - http://youtube.com/thebbcburmese - အင်စတာဂရမ် - https://www.instagram.com/bbcburmese/ - ဝက်ဘ်ဆိုက် - https://www.bbcburmese.com