ရုရှားသမ္မတပူတင်ကို အမေရိကန် သမ္မတဘိုင်ဒန်က စစ်ရာဇ၀တ်သားလို့ ထပ်မံစွပ်စွဲ ခုံရုံးတင်စစ်ဆေးဖို့ ပန်ကြား

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

- ဘူချာဖြစ်ရပ်ကြောင့် ရုရှားကို ထပ်မံ ပိတ်ဆို့ အရေးယူမှုတွေ အခုသီတင်းပတ်မှာ ကြေညာသွားဖို့ရှိတယ်လို့ ဆိုပြီ - ရုရှားဘက်ကလည်း ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေပြီလို့ အိမ်ဖြူတော်ကပြော - ရွေးကောက်ခံအစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းပြီးတနှစ်အကြာ မြန်မာနိုင်ငံမှာ စစ်တပ်ထုတ်ကုန်ပစ္စည်းတွေ သပိတ်မှောက်ခံရ ၊ မြန်မာဘီယာ ရောင်းချမှု ကျဆင်းလာ - ကယားပြည်က တိုက်ပွဲမဖြစ်တဲ့ဒေသတွေမှာ စစ်ကောင်စီတပ်တွေက မနက်လင်းအားကြီး လူတွေ အိပ်နေချိန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ခုရက်ပိုင်း တိုးလာနေ - နိုင်ငံခြားသုံးငွေနဲ့ရတဲ့ ဝင်ငွေတွေကို အမေရိကန်တစ်ဒေါ်လာ မြန်မာကျပ် ၁၈၅၀ နဲ့ လဲလှယ်ပေးရမယ်ဆိုတဲ့ ငွေကြေးမူဝါဒအပြောင်းအလဲ ကြေညာချက်ကြောင့် ပဲစျေးတွေ သိန်းနဲ့ချီ ထိုးကျ ၊ ပဲစိုက်တောင်သူနဲ့ ကုန်သည်တွေ အကြီးအကျယ် ထိခိုက်နစ်နာရတဲ့ အကြောင်း အပါအ၀င် အင်္ဂါ မနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ယူကျု - http://youtube.com/thebbcburmese