မြန်မာ ကိုဗစ်ရောဂါ ထိန်းချုပ်ရေး အရေးပေါ် အကူအညီ ယူရို ၂ သန်း အီးယူပေး
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

တနင်္လာ မနက်ခင်း သတင်းများ (ဇူလိုင်လ ၂၆ ရက် ၂၀၂၁) - မြန်မာ ကိုဗစ်ရောဂါ ထိန်းချုပ်ရေး အရေးပေါ် အကူအညီ ယူရို ၂ သန်း အီးယူပေး - ကျန်းမာရေး ဝန်ထမ်းတွေကို ပစ်မှတ်ထား ရန်ရှာတာမျိုးမလုပ်ဖို့လည်း စစ်ကောင်စီကို အီးယူသတိပေး - ကိုဗစ်တတိယလှိုင်းဒဏ် ဆိုးဆိုးရွားရွား ခံနေရတဲ့ မြန်မာပြည်မှာ ရပ်ထဲရွာထဲ လူတွေကို ကူညီနေတဲ့ ပရဟိတ လူမှုကယ်ဆယ်ရေး သမားတွေလည်း ကူးစက်ခံနေရပြီး အဖိတ်အဆင် ရှိနေ - မြင်းခြံက အဖြူရောင်လက်များ အဖွဲ့ခေါင်းဆောင် ကိုအေးချမ်းနိုင် ကိုဗစ်ကူးခံရပြီး ကွယ်လွန် - ကိုဗစ် ကန့်သတ်ချက်တွေနဲ့ အတူ ဒေသန္တရ အုပ်ချုပ်ရေးကိုပါ တွဲပြီး အသက်သွင်းဖို့ စစ်ကောင်စီ လုပ်ဆောင်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ် - စစ်ကောင်စီရဲ့ အင်အားသုံး ဖြိုခွဲမှု၊ ကိုဗစ် တတိယလှိုင်း စတဲ့ အခက်အခဲတွေကြားကပဲ ရက်ပေါင်း ၁၆၀ ကျော် နေ့စဥ် သပိတ်စစ်ကြောင်း ထွက်နေတဲ့ ကလေးမြို့ - တရုတ် အရှေ့ဘက်ကမ်းရိုးတန်းမှာ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ဝင်ရောက် .... စတဲ့ နောက်ဆုံးရ မြန်မာသတင်း၊ နိုင်ငံတကာ သတင်းတွေကို ရှုစား နားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #အောက်စီဂျင် #ကိုဗစ် #စစ်ကိုင်း #ICRC #ရခိုင် #မန္တလေး #ကလေး #အီးယူ