ယူကရိန်းအတွက် တိုက်လေယာဥ်တွေ လွှဲပေးဖို့ ပိုလန်သဘောတူပြီ
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

ယူကရိန်းအတွက် တိုက်လေယာဥ်တွေ လွှဲပေးဖို့ ပိုလန်သဘောတူပြီ - ယူကရိန်း လေသူရဲတွေ မောင်းနိုင်တဲ့ ရုရှားလုပ် MiG-29 တိုက်လေယာဥ်တွေကို လွှဲပေးမယ်လို့ ပိုလန်ကြေညာ - ဂျာမနီမှာ ရှိတဲ့ အမေရိကန် လေတပ် အခြေစိုက် စခန်းဆီကို အဲဒီ တိုက်လေယာဥ်တွေကို အရင်ပို့မယ် - ရုရှားရဲ့ စွမ်းအင်လောင်စာကဏ္ဍကိုလည်း အမေရိကန်၊ ဗြိတိန်၊ အီးယူ ချိန်ကိုက် ပိတ်ဆို့မှုတွေ ချမှတ် - ရုရှားရဲ့ လောင်စာဆီနဲ့ သဘာဝဓာတ်ငွေ့ကို အမေရိကန်ထဲ သမ္မတ ဘိုင်ဒင်လုံးဝ အတင်သွင်းမခံ ပိတ်ဆို့လိုက်ပြီ - ဗြိတိန်နဲ့ အီးယူလည်း ချက်ခြင်း မပိတ်နိုင်ရင်တောင် အခုနှစ်ကုန်အမှီ လျှော့ချ ပိတ်ဆို့နိုင်ဖို့ ပြုလုပ်မယ် - ဝန်ကြီးချုပ်ချာချီ ပြောခဲ့တဲ့ နာဇီဟစ်တလာကို အစွမ်းကုန် ခုခံ တွန်းလှန်မယ်ဆိုတဲ့ နာမည်ကျော် ဒုတိယကမ္ဘာစစ် မိန့်ခွန်းကို ကိုးကားပြီး ယူကရိန်းသမ္မတ ဇယ်လန်စကီးက ဗြိတိသျှ ပါလီမန်ကို အွန်လိုင်းဗီဒီယိုကနေ တဆင့် သမိုင်းဝင် မိန့်ခွန်းပြော - မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက အင်းငယ်ထောင့်ရွာ စစ်ကောင်စီတပ် ဝင်စီးခံခဲ့ရပြီးတဲ့နောက် အသတ်အဖြတ်၊ အဖမ်းအစီးခံကြရတဲ့ အသေးစိတ်အကြောင်း - ချင်းပြည် ဖလမ်းမြို့နယ်ထဲက ရိဒ်ဒေသ တိုက်ပွဲနောက်ဆက်တွဲ ပေါ်ပေါက်လာပြန်တဲ့ ထောင်နဲ့ချီတဲ့ စစ်ရှောင်တွေရဲ့ အခြေအနေ - ရခိုင်၊ ကျောက်တော်မြို့နယ်ထဲ အေးချမ်းနေပြီ ဖြစ်ပေမယ့် မူလ ရွာကို ပြန်ခွင့် အကြိမ်ကြိမ် လျစ်လျူရှု ခံနေရတဲ့ ထောင်ပေါင်းများစွာသော တင်းမရွာခံတွေရဲ့ အကြောင်း ...... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com