ရုရှားကို ကုလသမဂ္ဂ အဖွဲ့ကြီးနဲ့ G-20 စက်မှုအင်အားကြီးနိုင်ငံ၂၀ ကနေ ထုတ်ပယ်ဖို့ ယူကရိန်းထပ်မံပန်ကြား
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

ခင်ဦးမှာ သတင်းပေးလို့ သံသယရှိသူကိုမေးမြန်းဖို့အသွား မြို့ပေါ်က စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ဝိုင်းပစ်ခတ်တာကြောင့်တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံး - တစ်နှစ်ကျော် ကြာနေတဲ့ လာနီညာကြောင့် ဆောင်းကူး နိုဝင်ဘာလမှာ ရာသီဥတုဘယ်လို အခြေအနေရှိနိုင်မလဲ ၊ ပြည်တွင်းက ဘယ်ဒေသတွေမှာ လာနီညာသက်ရောက်မှု ရှိမလဲ - အီရန်မှာ ဆန္ဒပြလို့ အဖမ်းခံထားရသူ အယောက် တစ်သောင်းလေးထောင် ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေပြော - ဆိုးလ်က ဟောလိုး၀င်းပွဲတော်မှာ လူသေဆုံးမှုဖြစ်ခဲ့ပေမယ့် ဘန်ကောက်မှာ မဖြစ်လောက်ဘူးဆိုပြီး ခေါက်ဆန်လမ်းမကြီးတလျှောက် Halloween ပွဲတော်ကျင်းပခဲ့တဲ့အကြောင်း အပါအ၀င် အင်္ဂါ မနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ယူကျု - http://youtube.com/thebbcburmese