စစ်ကောင်စီတာဝန်ရှိသူတွေကို ICC တင်မယ်လို့ NUG ထပ်လောင်းပြော

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

စနေ မနက်ခင်း သတင်းများ (၂၆ ဇွန်လ ၂၀၂၁) စစ်ကောင်စီတာဝန်ရှိသူတွေကို ICC တင်မယ်လို့ NUG ထပ်လောင်းပြောဆို - စစ်ကောင်စီတပ်တွေ ကျူးလွန်ထားသမျှ သက်သေပေါင်း နှစ်သောင်းရှစ်ထောင်ကျော် ဆန်းစစ် အတည်ပြုထားပြီးပြီလို့ NUG ပြော - ဒေသန္တရ PDF တွေနဲ့ကြား စနစ်တကျ ချိတ်ဆက်မှုတွေ ရှိတယ်လို့လည်း NUG ဝန်ကြီးဖြေကြား - NUG ကို တော်လှန်ရေးအစိုးရအသွင် ပီပီပြင်ပြင်နဲ့ လက်နက်ကိုင် တော်လှန်ရေးကို ဦးဆောင်မှုပေးဖို့ ကျောင်းသား တက်ကြွလှုပ်ရှားသူတွေ တိုက်တွန်း - NLD နာယက ဦးဝင်းထိန် သောကြောနေ့ ရုံးထုတ်မှာ ဘာတွေ ဖြစ်ခဲ့လဲ၊ ရှေ့နေနဲ့မေးမြန်းခန်း - နိုင်ငံရေးမတည်ငြိမ်ချိန်၊ ကိုဗစ်တတိယလှိုင်းဒဏ် တိုးမြှင့်ကြုံတွေ့၊ ပိုးတွေ့သူ ၈၆၀ နီးပါး မနေ့က ထပ်တိုးလာ - လူမည်းအမျိုးသား ဂျော့ချ်ဖလွိုင်လည်ပင်းပေါ် ဒူးနဲ့ဖိတာ ဖယ်မပေးခဲ့လို့ အသက် သေဆုံးခဲ့တဲ့ အထိ ဖြစ်ခဲ့တဲ့ အမေရိကန်ရဲ ရှော်ဗင်ကို လူသတ်မှုနဲ့ ထောင်ဒဏ် ၂၂ နှစ်ကျော် ချမှတ် - အီရန်က သူတို့ရဲ့ နျူကလီယာ အစီအစဥ်ကို စောင့်ကြည့်စစ်ဆေးခွင့် ချက်ခြင်း သက်တမ်း တိုးပေးဖို့ ကုလအဖွဲ့ တောင်းဆိုချက်ကို ပယ်ချ - လူသားနဲ့ အနီးစပ်ဆုံးတူတဲ့ ရှေးဦးလူသားမျိုးစိတ်သစ်ကို တွေ့ကြောင်း တရုတ် သုတေသီတွေထုတ်ပြန် စတဲ့ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အကြောင်းတွေ အပါအဝင် နောက်ဆုံးရ မြန်မာသတင်း၊ နိုင်ငံတကာ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #ဒေါ်အောင်ဆန်းစုကြည် #ကိုဗစ် #စစ်အာဏာသိမ်း #ရခိုင် #အမေရိကန် #ကယား #ချင်း #PDF #စစ်ကောင်စီ #NUG