ကချင်ပြည်နယ်က PDF တွေကို သောင်းကျန်းသူလို့သတ်မှတ်ရင် KIA က သူတို့ဘက်ကရပ်တည် ခုခံသွားမယ်လို့ ဆိုပြီ
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

- ပလက်ဝ အခြေစိုက်တပ်ရင်း တောင်ကုန်းပေါ် အလံဖြူထောင်မှုနဲ့ပတ်သက်လို့ ဦးတင်ထွန်းအောင်ကို အလုပ်နဲ့ထောင်ဒဏ် သုံးနှစ်ချမှတ်တဲ့အပေါ် မိသားစု၀င်တွေ မကျေနပ် အယူခံဝင်မယ်လို့ ပြော - ရုရှားသမ္မတပူတင့် သမီး၂ယောက်နဲ့ ရုရှားကအကြီးဆုံးဘဏ် Sberbank ပိုင်ဆိုင်မှုတွေကို US နဲ့ UK ထိန်းချုပ်လိုက်ပြီ - ပိတ်ဆို့အရေးယူမှုတွေကြောင့် ၁၅နှစ်အတွင်း တိုးတက်ခဲ့တဲ့ ရုရှားစီးပွားရေး ၁၂လအတွင်း ကျဆင်းတော့မယ်လို့ ကန်သမ္မတ ပြော - ရုရှားမှာ ၀င်ငွေမြင့်တက်မလာဘဲ ကုန်စျေးနှုန်းမြင့်တက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ စိန့်ပီတာစဘတ်မြို့ခံတွေပြော - ယူကရိန်း ဘူချာအရပ်က သတ်ဖြတ်မှုတွေဟာ ကြိုတင်ကြံရွယ်မှု ဖြစ်မှာ သေချာတယ်လို့ အိမ်ဖြူတော် အရာရှိပြော - ဘူချာကိစ္စမှာ အနောက်တိုင်း မီဒီယာတွေ က သတင်းတုသတင်မှားတွေဖြန့်နေတယ် ၊ အဲဒီ ရက်စက်ကြမ်းကြုတ်မှု တွေမှာ သူတို့လည်း ပတ်သက်နေတယ်လို့ ရုရှားနိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ စွပ်စွဲပြောကြား - ပြည်တွင်း ခရီးသွားလာမှု ပြန်လည် အသက်၀င်လာသလို ဧပြီ ၁၇ နောက်ပိုင်း ပြည်ပလေကြောင်းလိုင်း ပြန်လည် ပြေးဆွဲရင် ပြည်တွင်းပြည်ပ ခရီးသွားလာမှု စည်ကားလာတော့မယ်လို့ သုံးသပ်မှုတွေ ရှိ - ဗဟိုဘဏ်ရဲ့ ဒေါ်လာစျေး သတ်မှတ်ချက် အပြောင်းအလဲ ကြေညာချက်ထွက်ပေါ်ပြီးနောက်ပိုင်း ငွေလဲကောင်တာတွေ အရောင်းအ၀ယ် တန့်သွားသလို ပြည်ပပို့ကုန် ကရတဲ့ ၀င်ငွေ တန်ဖိုး စျေးကျသွား - ချယ်လ်ဆီး နဲ့ အသလက်တီကို မဒရစ်တို့ အသီးသီး ရှုံးပွဲ ကြုံခဲ့ရတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲရလဒ် အပါအ၀င် ကြာသပတေး မနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ယူကျု - http://youtube.com/thebbcburmese