လာမယ့်ဆောင်းရာသီ ယူကရိန်းပြည်သူတွေအသက်အန္တရာယ်ကြုံရနိုင်တယ်လို့ WHO ပြော
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

- သီရိလင်္ကာမှာ ကလေးတွေ အာဟာရချို့တဲ့နေပြီး လူသန်းနဲ့ချီနှပ်မှန်အောင် မစားရတဲ့အခြေအနေဆိုက်နေတယ်လို့ ကုလသတိပေး - အိန္ဒိယမှာ အွန်လိုင်းပေါ် review အတုရေးတာတွေကို တိုက်ဖျက်ဖို့ စည်းမျဥ်းတွေ အစိုးရထုတ်ပြန် - မြိုင်က ဗဟင်းရဲစခန်းမီးလောင်နေပြီး အနီးက လူနေအိမ်တွေကို မီးကူးနေတယ်လို့ ဗိုလ်လကျာ်ပြော - ပလက်၀မှာ အသက်၅၀ကျော်အမျိုးသား၂ယောက်ကို အေအေတပ်ဖွဲ့အတွက် ငွေကြေးကောက်ခံမှုတွေ ပြုလုပ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်၃နှစ်စီ ချမှတ် - အမေရိကန်နဲ့ ၀ေလ အသင်းတို့ တစ်ဂိုးစီ သရေကျ အနိုင်ပွဲတွေ ရှိခဲ့တဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေအကြောင်း အပါအ၀င် အင်္ဂါ မနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ယူကျု - http://youtube.com/thebbcburmese