ICJ ရှေ့မှောက် စစ်ကောင်စီ လျှောက်လဲမယ့်နေ့ ရောက်လာပြီ
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

ICJ ရှေ့မှောက် စစ်ကောင်စီ လျှောက်လဲမယ့်နေ့ ရောက်လာပြီ - ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်တဲ့ ဂျီနိုဆိုက်မှု စွဲချက်အတွက် စစ်ကောင်စီ ကိုယ်စားလှယ် အဖွဲ့ ICJ ကြားနာမှုမှာ ဒီနေ့ လျှောက်လဲချက် ပေးဖို့ရှိ - NUG က ICJ ရဲ့ ရှေ့မှောက် မြန်မာရဲ့ ကိုယ်စားလှယ် အဖြစ် ဦးကျော်မိုးထွန်းကို အသိအမှတ်ပြုဖို့ တောင်းဆိုထားပေမယ့် ဒီတစ်ကြိမ်မှာတော့ နေပြည်တော် အဖွဲ့နဲ့ပဲ ICJ တရားရုံးချိန်းကို အရှေ့ဆက် - စစ်ကောင်စီဟာ ICJ ရှေ့မှောက် မြန်မာရဲ့ တရားဝင် အစိုးရသဖွယ် နိုင်ငံကို ကိုယ်စားပြုခွင့် ရရှိသွားတဲ့ အဓိပ္ပာယ်လား၊ ကုလသမဂ္ဂရဲ့ ပင်မ အစိတ်အပိုင်း တစ်ရပ် ဖြစ်တဲ့ ICJ အနေနဲ့ NUG က ထောက်ပြ ထားသလို လက်ရှိ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာရဲ့ ကိုယ်စားလှယ် အဖြစ် ဘာ့ကြောင့် လက်မခံရတာလဲ ... ကျွမ်းကျင်သူနဲ့ ဘီဘီစီ မေးမြန်းခန်း - ဘေလာရုစ်နဲ့ရုရှား စစ်ရေးလေ့ကျင့်မှု ပြီးဆုံးမယ့်ရက် ရောက်လာပေမယ့် ရှေ့ဆက် လုပ်နေဦးမယ်လို့ ပူတင်နဲ့ သူ့ရဲ့ မဟာမိတ် ဘေလာရုစ်သမ္မတ လုကာရှန်ကိုတို့ ထုတ်ပြန် - ယူကရိန်းအရေးကြောင့် ဘေလာရုစ်ထဲက ရုရှားအင်အား ၃ သောင်းကို ဆက်ထားတာဆိုပြီး ဗြောင်ထုတ်ပြော - ဘေလာရုစ်နဲ့ စစ်ရေးဆက်ပြီး လေ့ကျင့်နေတာ စစ်ကြီး ဖြစ်လုဆဲဆဲ သရုပ်သကန်ကို ပြနေတာပဲလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဝေဖန် - နိုင်ဂျီးရီးယား စစ်တပ်က လက်နက်ကိုင် ဓားပြအဖွဲ့တစ်ခုကို ပစ်မှတ်ထား ပြုလုပ်တဲ့ လေကြောင်းတိုက်ခိုက်မှု မှားယွင်းခဲ့လို့ အိမ်နီးချင်း နီဂျဲနိုင်ငံထဲက ရွာတစ်ရွာမှာ ကစားနေကြတဲ့ ကလေးသူငယ်တွေ ထိမှန်ပြီး အစုလိုက် သေဆုံး စက်သုံးဆီ စျေးကြီးနေတာ အပါအဝင် အလုပ်ရှားပါး နေလို့ မြန်မာပြည်ထဲက အဝေးပြေးကုန်တင်ကားတွေ ၄၀% ဝန်းကျင် ရပ်ထားရ၊ ရန်ကုန်-မန္တလေး-မူဆယ် လမ်းပေါ် အလုပ်မရှိကြလို့ အဲဒီလမ်းကြောက ကုန်တင်ယာဥ်တွေ တပြည်လုံးအနှံ့ အလုပ်တွေရှာ ဝင်လုပ်နေကြလို့ ဒေသတွင်း ကုန်တင်ယာဥ်တွေ အခက်တွေ့ပြီး အလုပ်ရှားပြီး ယာဥ်တွေပုံနေတဲ့ အဖြစ်မျိုးတွေ တွေ့နေရ .... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com