NLD ပါတီဝင် အယောက် ၃၀ ထက်မနည်း စစ်ကောင်စီ ဖမ်းဆီး
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

အင်္ဂါ မနက်ခင်း သတင်းများ (ဩဂုတ်လ ၂၄ ရက် ၂၀၂၁) - မင်္ဂလာဒုံ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်မြတ်သူတို့ ဇနီးမောင်နှံ အပါအဝင် NLD ပါတီဝင် အယောက် ၃၀ ထက်မနည်း စစ်ကောင်စီက ဖမ်းဆီး - နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ရှေ့နေအဖွဲ့ ဒီသီတင်းပတ်ထဲ တောင်းဆိုမယ် - ကိုဗစ်ကြောင့် အမှုရုံးချိန်းတွေ ရွှေ့ထားလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေအဖွဲ့ မတွေ့တာ သီတင်းခြောက်ပတ်မျှ ကြာမြင့်နေပြီ - ကာဘူးလ်လေဆိပ်မှာ အမေရိကန်စစ်သားတွေကို ဩဂုတ်လ ၃၁ ရက်ထက် ကျော်ပြီး ပိုထားရမလားဆိုတာ သမ္မတဘိုင်ဒင် ဆုံးဖြတ်သွားမယ် - ဂါဇာကို အစ္စရေးက လေကြောင်းတိုက်ခိုက်၊ မိုးပျံပူဖောင်း မီးလောင်ဗုံးတွေ အစ္စရေးဘက် ကျလာလို့ လက်တုန့်ပြန်တာလို့ဆို - အိန္ဒိယဘက် သင်္ဘောတွေနဲ့ တင်နေတဲ့ ပဲစင်းငုံနဲ့ မတ်ပဲတွေ စျေးကောင်းနေ၊ တရုတ်နယ်စပ်ပိတ်ထားမြဲ ဖြစ်လို့ မြေပဲစျေးကျ - မန္တလေးမှာ ကိုဗစ်ကာကွယ်ရေး အသွားအလာ ကန့်သတ်ချက်တွေ ပယ်ဖျက်၊ စစ်ဆေးရေးဂိတ် တော်တော်များများ ဖယ်ရှားသွားပြီလို့ မြို့ခံတွေပြော - ရခိုင်မှာ ကိုဗစ်ကာကွယ်ဆေးတွေ ထပ်ရောက်လာဖို့ ကြန့်ကြာနေတဲ့အတွက် စတုတ္ထအသုတ် ထိုးပေးမယ့် ရက်တွေ နောက်ကို ဆုတ်သွားဖွယ်ရှိ ..... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #အာဖဂန် #တာလီဘန် #ကာဘူးလ် #အမေရိကန် #ဘိုင်ဒင် #ဂါဇာ #အစ္စရေး #အရှေ့အလယ်ပိုင်း #ကိုဗစ် #ရခိုင် #မန္တလေး